|
Myanmar Books
Publishers
|
|
'elon musk'
,
'ညီနောင် (Humber)'
,
'၈၈'
,
'ရာပြည့်'
,
'ဒေါက်တာအောင်ခင်'
,
'အေဖ'
,
'ဓာတ်ပုံပညာ'
,
'Anattalakkhana'
,
'အင်္ဂလိပ်စာတတ်လိုသော်'
,
'ကြက်တူရွေး'
,
'ရှင်မထီး'
,
'ဦးသိန်းမောင်'
,
'နဂါးနက်'
,
'ရှုထောင့်အထွေထွေ'
,
'Flowery Sentence'
,
'web'
,
'စရဖ'
,
'စိန်မျိုးမြင့်'
,
'လူ'
,
'ကြီးကြီးမားမား စဉ်းစားပြီး ကျာ'
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: လက်ဝဲနော်ရထာ ရေးသားပြုစုခဲ့သည့် “အလောင်းမင်းတရားကြီး အရေးတော်ပုံ”စာအုပ်ကို ဒေါ်အုန်းကြည် (မြန်မာသမိုင်းအဖွဲ့ဝင်)၏ တည်းဖြတ်ချက်နှင့်အတူ ထုတ်ဝေထားခြင်းဖြစ်သည်။ လက်ဝဲနော်ရထာသည် အလောင်းမင်းတရားကြီးနှင့် ထက်ကြပ်မကွာ အမှုတော်ထမ်းရွက်ရသော ပညာရှိအမတ်တစ်ဦးဖြစ်သည်။ သူသည် လက်ရုံးရည် နှလုံးရည် ထူးချွန်ထက်မြက်မှုကြောင့် ဗဒုံမင်းလက်ထက်ထိ မင်းဆက်ခြောက်ဆက်တိုင် ရာထူးအဆင့်ဆင့် တိုးမြှင့်မြှောက်စားခြင်း ခံခဲ့ရသူဖြစ်သည်။ ယခုစာအုပ်တွင် ညောင်ရမ်းမင်းဆက် ပျက်သုဉ်းရပုံ၊ ဟံသာဝတီမင်းလက်အောက် ကျရောက်သွားသော အထက်မြန်မာနိုင်ငံဒေသများကို အလောင်းမင်းတရားကြီးသည် အင်အားစုစည်း၍ တိုက်ပွဲပေါင်းများစွာ ဆင်နွှဲကာ ပြန်လည်သိမ်းယူပုံ၊ မြို့နန်းတည်ဆောက်ပုံ၊ ဟံသာဝတီသို့တိုင် ချီတက်၍ ရာမညဒေသတစ်ခုလုံးကို သိမ်းယူပုံတို့ကို အသေးစိတ် မှတ်တမ်းတင်ထားသည်။ ထို့အပြင် စစ်ဆင်ရေးများတွင် အလောင်းမင်းတရား၏ ရဲစွမ်းသတ္တိ၊ စည်းရုံးရေးစွမ်းရည်၊ မဆုတ်မနစ်ကြိုးပမ်းအားထုတ်မှု၊ ကြံရည်ဖန်ရည်၊ အမြှော်အမြင်ရှိမှု၊ နိုင်ငံတော် ချဲ့ထွင်ရေး စစ်ပွဲများဖြစ်သည့် မဏိပူရ ကသည်းပြည် ချီတက်သိမ်းယူသည့် စစ်ပွဲများ၊ ထိုင်းနိုင်ငံသို့ ချီတက်တိုက်ခိုက်သည့် စစ်ပွဲများ၊ အလောင်းမင်းတရား ကွယ်လွန်ချိန်အထိ ကိုယ်တွေ့မျက်မြင်များကိုပါ ထည့်သွင်းဖော်ပြထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|