|
Myanmar Books
Publishers
|
|
'Gandi'
,
'ကလေးစိတ်ပညာ'
,
'Real live'
,
'မိမှေး'
,
'မင်းလူ'
,
'ရိုးရာပွဲတော်များ'
,
'ဝေသာ'
,
'မွန်လူမျိုး'
,
'ပင်းယ'
,
'အိုဘားမား'
,
'Negotiate'
,
'ဒေါ်ယဉ်ယဉ်လှ'
,
'ရေနံ'
,
'mobile'
,
'တကသ'
,
'သံလွင်'
,
'ဆော်ဒီ'
,
'‘ကြယ်’'
,
'the 5000 of the most frequentl'
,
'ဂယ်လီလီယို'
|
More ...
|
Top 10 Most Visited of This Week
Book Details
|
|
- Description: တရုတ်လူမျိုးများ မွေးသည်မှ သေသည်အထိ မသုံးမဖြစ် သုံးကြသော “နေရာချထားမှု အတတ်ပညာ” (ခ) “ဖုန်းရွှေ (Feng Shui)” ပညာအကြောင်းစာအုပ်ဖြစ်သည်။ တရုတ်လူမျိုးတို့သည် ဤပညာရပ်ကို နှစ်ပေါင်းများစွာ စမ်းသပ်လုပ်ဆောင်ပြီးမှ လောကီပညာတစ်ရပ်အနေဖြင့် အောင်မြင်မှု ရခဲ့ကြခြင်းဖြစ်သည်။ မြေနေရာ၊ အိမ်ပုံစံ၊ အခန်းဖွဲ့စည်းမှု၊ ပရိဘောဂချထားမှုတို့ကို သဘာဝနှင့် သဟဇာတဖြစ်အောင်လုပ်ပြီး မိမိအကျိုးရှိရာရှိကြောင်း ပြုလုပ်နိုင်သည့် ဤရှေးဟောင်းသျှတ္တရပညာရပ်သည် ဟောင်ကောင်၊ ထိုင်ဝမ်၊ စင်ကာပူ၊ မလေးရှားတို့တွင် အထူးအသုံးများသည့် ပညာရပ်ဖြစ်သည်။ ဘာသာပြန်ဆိုသူကလည်း “စကြာဝဠာ သဘာဝနှင့် လိုက်လျောညီထွေ နေတတ်အောင် ပြသသော ပညာမှာ “ဖုန်းရွှေ”ပင်ဖြစ်သည်။ “ဖုန်းရွှေ”မှန်လျှင် မိသားစု ချမ်းမြေ့သာယာမည်။ အိမ်ထောင်ရေး ကံကောင်းမည်။ ကျန်းမာရောဂါကင်းပြီး အသက်ရှည်မည်။ လုပ်ငန်းကိုင်ငန်း အောင်မြင်မည်။ ငွေကြေးချမ်းသာ ကြွယ်ဝမည်။ ကံကြမ္မာကောင်းမည်။”ဟု အမှာစာ၌ ဆိုထားသည်။ စာအုပ်တွင် အခန်း ၈ ခန်းပါရှိရာ ၎င်းတို့မှာ ဖုန်းရွှေဆိုတာ ဘာလဲ၊ ဖုန်းရွှေအစ၊ အိမ်ရာ ဖုန်းရွှေ၊ မြို့ပြဖုန်းရွှေ၊ အခန်းတွင်း အပြင်အဆင် - ဗိသုကာ၊ အိမ်တွင်း ပရိဘောဂများ နေရာအထားအသို၊ အိမ်မှ ဓာတ်များ၊ နိဂုံးတို့ ဖြစ်ကြသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|