|
Myanmar Books
Publishers
|
|
'Public Policy'
,
'ကဝေနီ'
,
'Harry potter'
,
'ဖူးဝါးဘတ်'
,
'Zenda'
,
'ပြည်တွင်းစစ်'
,
'ကြပ်ကလေး'
,
'မဖဲဝါ'
,
'ဦးမြတ်ကျော်'
,
'မောင်ထင်'
,
'မေတ္တာဝါဒ'
,
'Paint'
,
'ဆော်ဒီ'
,
'သစ်မွှေး'
,
'ဒေါက်တာကံညွန့်'
,
'Nobal'
,
'ပုထုဇဥ္'
,
'ဂျူးလူမျိုး'
,
'ဖြစ်တည်မှုဒဿန'
,
'လယ်ယာမြေ ဥပဒေ'
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: ဗုဒ္ဓဘာသာဝင် သူတော်စင်များသည် သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်နိုင်ရေးအတွက် သမထဘာဝနာ၊ ဝိပဿနာဘာဝနာများကို ပွားများအားထုတ်လေ့ရှိရာ ယင်းနှစ်ခုလုံး၌ သတိသည် လွန်စွာ အရေးပါသော တရားပင်ဖြစ်သည်။ သတိရှိမှ အရှုခံအာရုံကို မလွတ်တမ်း ရှုမှတ်နိုင်မည်ဖြစ်သည်။ အရှုခံကို မလွတ်တမ်း ရှုမှတ်နိုင်မှလည်း သမာဓိပညာတရားများ ဖြစ်နိုင်၍ တရားထူး ရနိုင်မည်ဖြစ်သည်။ သတိလွတ်နေပါက အရှုခံအာရုံကို မလွတ်တမ်း မရှုမှတ်နိုင်ရကား သမာဓိ, ပညာတရားများ မဖြစ်နိုင်သဖြင့် တရားထူး ရလိမ့်မည် မဟုတ်ပေ။ လောကီ လောကုတ် နယ်ပယ်နှစ်မျိုး၌ အရေးလည်းပါ အရာလည်းကျယ်သော သတိတရားသည် ပိုသွားသည်မရှိဘဲ အမြဲလိုနေသည့် တရားလည်းဖြစ်သည်။ ထိုသို့ လူသာူးလောက ကြီးပွားတိုးတက်ရေး၌ အဓိက အရေးပါသော ကဏ္ဍမှ ပါဝင်နေသော သတိတရားအကြောင်းကို ပိဋကတ်တော် ကျမ်းစာများမှ ထုတ်နုတ်ကာ အခန်းပေါင်း ၂၂ ကျမ်းတစ်စောင်အနေဖြင့် စာရေးသူဆရာတော်က ယခုကဲ့သို့ ပြုစုရေးသားထားခြင်းဖြစ်သည်။ သတိဟူသော ဝေါဟာရ၏ အဓိပ္ပာယ်၊ အမည်ကွဲ၊ ကမ္မဋ္ဌာန်းနှင့် ဝိပဿနာပညာနယ်ပယ်တို့၌ အသုံးချပုံ၊ ထင်ရှားသည့် ဥပမာလင်္ကာ၊ သတိမလွတ်သဖြင့် ရဟန်းကိစ္စပြီးခဲ့သူများအကြောင်း၊ သတိ၏ ဆန့်ကျင်ဘက်ဖြစ်သည့် မေ့လျော့ခြင်းအကြောင်း၊ မေ့လျော့ခြင်း၏ အကြောင်းရင်း၊ အပ္ပမာဒ၏ အဓိပ္ပာယ်၊ ဗုဒ္ဓဘာသာဝင်မဟုတ်ကြသော်လည်း သတိကို ဗုဒ္ဓအလိုကျ အသုံးချခဲ့၍ လောကီကြီးပွားချမ်းသာကို ရရှိခဲ့သည့် ဂျင်ဖာလေး၊ သီအိုဒိုရုစဗဲ့အပါအဝင် ကမ္ဘာကျော်ပုဂ္ဂိုလ်ထူးများအကြောင်း၊ သတိပဋ္ဌာန်လေးပါး၊ သမထနည်းဖြင့် ကျင့်ကြံအားထုတ်ပုံ၊ ဝိပဿနာနည်းဖြင့် ကျင့်ကြံအားထုတ်ပုံများကို အသေးစိတ် ရှင်းလင်းရေးသားထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|