|
Myanmar Books
Publishers
|
|
'ရတနာပုံ'
,
'Usage'
,
'အနာတဟန်'
,
'candle'
,
'ဒေါက်တာမောင်မောင်'
,
'ဦးမော်လူး'
,
'မှော်လက်စွပ်'
,
'ဆန်းလွင် (ရှင်အာဒိစ္စရံသီ)'
,
'အိမ်ခြံမြေ'
,
'ဆေးဝါး'
,
'မေမြို့ချစ်ဆွေ'
,
'မာရီ'
,
'Surrealism'
,
'Programming'
,
'အောင်စည်သာ'
,
'The power of the lady'
,
'တရုတ် - မြန်မာအဘိဓာန်'
,
'ပရမတၳ'
,
'ရဲထွဋ်'
,
'လုပ်ငန်းခွင်အန္တရာယ်'
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: ကမ္ဘာကျော် စိတ်ဓာတ်မြှင့်တင်ရေး ပို့ချချက်များ၊ နိုင်ငံတကာ စိတ်ပညာရပ်များ၊ နိုင်ငံတကာ လူမှုဆက်ဆံရေးပညာရပ်များကို အခြေခံပြီး မြန်မာ့လူနေမှုစရိုက်နှင့် ကိုက်ညီသော လူမှုဆက်ဆံရေးပညာအကြောင်းကို မိတ်ဆက်ဖော်ပြထားသော စာအုပ်ဖြစ်သည်။ အောင်မြင်သည့် စီးပွားရေးလုပ်ငန်းများကို လူမှုဆက်ဆံရေးပညာရပ်က ထိန်းထားပေးလျက်ရှိနေသည့်အတွက် လူမှုဆက်ဆံရေးပညာသည် မရှိမဖြစ် မသုံးမပြု၍ မရသော အရေးကြီးသည့် ပညာရပ်ဖြစ်လျက်ရှိရာ ထိုပညာရပ်အကြောင်းကို စာရေးသူ ဆရာတော်က အပိုင်း ၂၇ ပိုင်းခွဲကာ အသေးစိတ် ရှင်းလင်းရေးသားထားသည်။ စာအုပ်ပါအကြောင်းအရာများကို ဖတ်ရှုလိုက်နာပါက စိတ်ဓာတ်ကျနေသူများ စိတ်ခွန်အားမြှင့်တက်လာမည်ဖြစ်သလို၊ အလုပ်ဒဏ်ကြောင့် စိတ်ဖိစီးနေသူများ စိတ်ခွန်အားမြှင့်တက်လာမည်ဖြစ်ကြောင်း၊ ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်သလို သူတစ်ပါးကိုလည်း တန်ဖိုးထားတတ်လာမည်ဖြစ်ကြောင်း၊ စာဖတ်သူ၏ ဘဝတစ်လျှောက်လုံးအတွက် အပြုအမူ၊ အပြောအဆို၊ စားသောက်ပုံမှအစ လမ်းညွှန်ပြသပေးမည့် စာအုပ်လည်းဖြစ်ကြောင်း စာရေးသူဆရာတော်က အမှာစာတွင် ညွှန်းဆိုထားသည်။ စာရေးသူဆရာတော်သည် ရန်ကုန်မြို့တွင် “No. 1 Millionaire Mind” သင်တန်းကို ဦးစီးဖွင့်လှစ်ခဲ့သူ တစ်ဦးဖြစ်ပြီး ယခုစာအုပ်ပါအကြောင်းအရာများမှာ အဆိုပါသင်တန်း၌ ပို့ချခဲ့သည်များကို စုစည်း၍ စာအုပ်အဖြစ် ထုတ်ဝေထားခြင်းဖြစ်သည်။ စာမျက်နှာပေါင်း ၁ ထောင်ကျော်ရှိသည့် ဤစာအုပ် တစ်အုပ်လုံးကို ကြွေစက္ကူများသုံး၍ သေသပ်ကျနစွာ ရိုက်နှိပ်ထားသည်ကို တွေ့ရသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|