|
Myanmar Books
Publishers
|
|
'Nehru'
,
'အာပတ်'
,
'Disney'
,
'လှိုင်သင်း'
,
'ဗုဒ္ဓ'
,
'သရက်'
,
'SHWE DAGON'
,
'လူပုံ'
,
'မြန်မာ့ရှေးရိုးပန်းချီ'
,
'ရာမည'
,
'နေဝင်းနောင်'
,
'ရဟႏၲာ'
,
'ရယ်မောခြင်း'
,
'ရတနာပုံ'
,
'ရတနာဂီရိ'
,
'ပလပ်စတစ်'
,
'ဒိန်ခဲ'
,
'ရ'
,
'လူနေ'
,
'တိုင်းရင်းဆေး'
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: ဗုဒ္ဓဂယာသို့ ဒုတိယအကြိမ်အဖြစ် ဘုရားဖူးကြွရောက်ခဲ့သော စာရေးသူ ဆရာတော်၏ ခရီးသွား မှတ်တမ်းစာအုပ်ဖြစ်သည်။ ဘုရားမှတ်တမ်းအနေဖြင့်သာမက ထိုထိုဒေသ ထိုထိုမြို့ရွာတို့နှင့် ဆက်စပ်လျက်ရှိသော သိမှတ်ဖွယ်ရာ အကြောင်းအရာများကိုပါ ပြည့်ပြည့်စုံစုံ ဖော်ပြရေးသားထားသည်ကို တွေ့ရသည်။ ဥပမာအားဖြင့် အပရာဇိတပလ္လင်ဟု ခေါ်ရခြင်းအကြောင်း၊ ဒုက္ကရစရိယာကျင့်စဉ်နှင့် ကျင့်ရခြင်း အကြောင်းရင်း၊ အကုသိုလ်ပြူပြီး အမျှဝေ၍ ရ, မရ၊ ဗိမ္ဗိသာရမင်းကြီး၏ လားရောက်ရာဘဝ၊ စဏ္ဍာသောကမှ ဓမ္မာသောကဖြစ်လာပုံ၊ လိစ္ဆဝီ, ဝဇ္ဇီ, ဝေသာလီ ခေါ်ဆိုရခြင်းအကြောင်း၊ အာယုသင်္ခါရလွှတ်ခြင်းအကြောင်း၊ ကုသိနာရုံမြို့ငယ်လေး၌ ပရိနိဗ္ဗာန် စံဝင်ရခြင်းအကြောင်း၊ သာဝတ္ထိဟု ခေါ်ဆိုရခြင်းအကြောင်း၊ ပုဗ္ဗာရုံကျောင်းတော်ကြီး ပေါ်ပေါက်လာပုံ၏ အနာထပိဏ် သူဌေးရောက်ရာဘုံ၊ ဝိသာခါ ကျောင်းအမကြီးရောက်ရာဘုံ၊ ပသေနဒီကောသလမင်းကြီး၏ တစ်ဘဝဇာတ်သိမ်း၊ ဗာရာဏသီဟု ခေါ်ရခြင်းအကြောင်း၊ ဗုဒ္ဓခေတ်က လေယာဉ်ပျံအကြောင်း၊ ကဋ္ဌဝါဟမင်း တည်ထောင်ခဲ့သော မြို့၊ မင်းမသိ ဗြဟ္မဒတ်၊ ဝိဒေဟတိုင်း, အပရန္တတိုင်း, ကုရုတိုင်း ဖြစ်ပေါ်လာပုံ၊ ကမ္မာသဒမ္မဆိုသည်မှာ၊ သကျသာကီဝင် ရာဇဝင်၊ ကပိလဝတ္ထုဟု မှည့်ခေါ်ပုံ၊ ကောလိယမင်းမျိုးရာဇဝင်၊ ကောလိယမြို့တော်အကြောင်း၊ ဒေဝဒဟတိုင်းပြည် ပေါ်ပေါက်လာပုံအပါအဝင် ဗုဒ္ဓဂယာနှင့် ဆက်စပ်ရာ သမိုင်းကြောင်းနှင့် သိမှတ်ဖွယ်ရာအဖြာဖြာတို့ကို စုံလင်စွာ ထည့်သွင်းရေးသားပေးထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|