|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: ရဲဘော်သုံးကျိပ်ဝင်၊ ၁၉၄၉ ခုနှစ် ရန်ကုန်မြို့တော်အား လုံခြုံရေးခြိမ်းခြောက်ခဲ့သည့် အင်းစိန်တိုက်ပွဲကြီးကို အောင်မြင်စွာ ဆောင်ရွက်တားဆီးနိုင်ခဲ့သူ၊ ကွန်မင်တန်တရုတ်ဖြူတပ်များကို ဘုရင့်နောင်၊ ရန်ကြီးအောင် စစ်ဆင်ရေးဖြင့် အောင်မြင်စွမ်းဆောင် ပေးနိုင်ခဲ့သူ၊ မဟာဗျူဟာမြောက် စီမံနိုင်သည့် နှလုံးရည်၊ စစ်မြေပြင်တွင် နည်းဗျူဟာမြောက် ကျစွာစွာ၊ လက်ရုံးရည်ဖြင့် ကိုယ်တိုင် ကြပ်မတ်ကွပ်ကဲဦးဆောင်နိုင်သူ စစ်သည်တစ်ဦးအဖြစ် ကျော်ကြားသူ၊ အသက်ကို ပဓာနမထားဘဲ လက်နက်ကိုင်စွဲလျက် မိမိစစ်သည်တို့နှင့်အတူ ရှေ့တန်းကျကျ ရွတ်ရွတ်ချွန်ချွန် ပါဝင်တိုက်ခိုက် ဦးဆောင်မှု ပေးခဲ့သူ၊ သို့သော် အစိုးရသတင်းပေါက်ကြားမှုဖြင့် တပ်မတော်မှ အငြိမ်းစားပေးခြင်း ခံခဲ့ရသူ၊ ထိုသို့ နေထိုင်စဉ်အတွင်း သခင်ကိုယ်တော်မှိုင်း၏ ဗမာ့ငြိမ်းချမ်းရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေးအကျိုးအတွက် ဆောင်ရွက်ကြိုးပမ်းအားထုတ်ခဲ့သူ၊ နောက်ပိုင်းတွင် တောခို၍ ကွန်မြူနစ်ပါတီသို့ ရောက်ရှိခဲ့သူ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်ဖြစ်သည်။ စာအုပ်တွင် သူငယ်စဉ်ဘဝအချိန်မှ စတင်ကာ ၁၉၇၆ ခုနှစ် ဇူလိုင် ၂ဝ ရက်နေ့၌ လွတ်မြောက်ဒေသ ဗမာပြည်ကွန်မြူနစ်ပါတီရှိရာသို့ ရောက်ရှိချိန်အထိ ဖြစ်စဉ်များကို အသေးစိတ် မှတ်တမ်းတင် ရေးသားထားသည်။ ဒဂုန်တာရာ၊ ဦးတင်ဦး၊ ဟံသာဝတီ ဦးဝင်းတင်တို့က အမှာစာရေးပေးထားကြရာ ၎င်းတို့အနက် ဦးဝင်းတင်၏ အမှာစာနှင့် စာအုပ်မာတိကာကို ဖော်ပြလိုက်ပါသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|