|
Myanmar Books
Publishers
|
|
'ပါတီ'
,
'the voice of hope'
,
'The Man Booker'
,
'Where China Meets India'
,
'စနေမောင်မောင်'
,
'စံဇာဏီ'
,
'Tao'
,
'ရတနာဂီရိ'
,
'မောင့်ဘဝ'
,
'ဗိုလ်ချုပ်ရာပြည့်'
,
'မိုးမိတ်'
,
'ဦးကိုကိုလှိုင်'
,
'ဒေါက်တာလှကြည် (အာဟာရဆရာဝန်ကြီး) (အမျိုးသားစာပေဆုရ)'
,
'မင်းပြောင်း'
,
'ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန'
,
'အမတ်ဒိန်'
,
'ဓာတုကထာ'
,
'သန္ဓေတား'
,
'မီးရထား'
,
'ပျား'
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: တစ်ချိန်က ဦးဝင်းဦး ထူထောင်ခဲ့သော စန္ဒာမဂ္ဂဇင်းတွင် “ချစ်သော ကိုဦးရေ ...”ဟု အစချီ၍ ရေခြားမြေခြား အတွေ့အကြုံများကို ဆွဲဆောင်မှုရှိစွာ ရေးသားခဲ့သူ၊ မန္တလေးသူဆိုသော်လည်း ရန်ကုန်မြို့တွင် “ခန့်ခန့်ကြီး” ဓာတ်ပုံတိုက်ကို ထူထောင်ကာ အောင်မြင်သည့် ဓာတ်ပုံဆရာမတစ်ဦးလည်း ဖြစ်ခဲ့သူ၊ ဓာတ်ပုံပြိုင်ပွဲများတွင် ဆုရရုံမျှသာမက ကိုယ်တိုင်လည်း မြဝတီမဂ္ဂဇင်း၏ မျက်နှာဖုံးရှင်လည်း ဖြစ်ခဲ့ဖူးသူ ဒေါ်ခင်မကြီး (ခေါ်) ဒေါ်ပတ္တမြားခင်၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိဆောင်းပါးများကို စုစည်း၍ စာအုပ်အဖြစ် ထုတ်ဝေထားခြင်းဖြစ်သည်။ ဆောင်းပါးများမှာ ရွှေအမြုတေမဂ္ဂဇင်းတွင် အခန်းဆက် ဖော်ပြခဲ့ပြီးနောက် လုံးချင်းအဖြစ် ယခုကဲ့သို့ ထုတ်ဝေလိုက်ခြင်းဖြစ်သည်။ ဖခင်ဖြစ်သူက သြစတေးလျလူမျိုး၊ မိခင်ဖြစ်သူက အင်္ဂလိပ် - မြန်မာ ကပြားတို့မှ မွေးဖွားခဲ့သော်လည်း မြန်မာဆန်သော အသိုင်းအဝိုင်းကြားတွင် မြန်မာမှုကို ရင်းနှီးစွာဖြင့် ကြီးပြင်းခဲပုံ၊ မိမိထက် အသက် ၃ဝ ကျော်ကြီးသော သူနှင့် အိမ်ထောင်ပြုပြီးနောက် ငယ်ငယ်ရွယ်ရွယ်နှင့် မုဆိုးမဘဝရောက်ခဲ့ရသူ၊ ပထမအိမ်ထောင်နှင့် ရခဲ့သည့် သားသမီး ၃ ယောက်အပြင် မကျန်းမာသော မိခင်ဖြစ်သူကို ကြည့်ရှုစောင့်ရှောက်ရင်း ဘဝကို ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရပုံ၊ နောက်ထပ် အိမ်ထောင် ၂ ဆက် ပြုခဲ့သော်လည်း အကြောင်းကြောင်းကြောင့် မမြဲဘဲ အိမ်ထောင်ပြိုကွဲခဲ့ပုံ၊ အမေရိကားသို့ ရောက်ရန် အကြောင်းဖန်လာပုံ၊ အမေရိကားရောက်ပြီးနောက် သားငယ်ဖြစ်သူနှင့် သေကွဲကွဲခဲ့ရ၍ စိတ်သောက ရောက်ခဲ့ရပုံ၊ အမေရိကားသို့ ရောက်ရှိပြီးနောက် သားသမီးတို့မှ တိုးပွားလာခဲ့သည့် မြေး, မြစ်များအကြောင်း၊ အတူနေထိုင်သည့် မိသားစုအကြောင်းနှင့် နိုင်ငံတကာ ခရီးထွက်ခဲ့စဉ်က အတွေ့အကြုံများအကြောင်းကို ရသမြောက်စွာ မှတ်တမ်းတင် ရေးသားထားသည်ကို တွေ့ရသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|