|
Myanmar Books
Publishers
|
|
'ဟယ်ရီပေါ်တာ'
,
'2020'
,
'Phonetic'
,
'ကံ'
,
'မြေအောက်ရေ'
,
'Detox Water'
,
'Humphrey'
,
'ဂေါက်'
,
'နာဇီ'
,
'ယဉ်မျိုး'
,
'George Orwell'
,
'excel 2016'
,
'စာရေးဆရာ'
,
'ဘဝင်း'
,
'who is'
,
'Regedit'
,
'Ethnic'
,
'SHWE DAGON'
,
'ဗ.က.ပ'
,
'Harry potter'
|
More ...
|
Top 10 Most Visited of This Week
Book Details
|
- မင်းဒင်ရဲ့ သက်ခိုင် (အတွဲ ၁)
-
-
Author(s):
မင်းဒင်
- Type: Myanmar Books
-
Category:
အတ္ထုပ္ပတ္တိ / ကိုယ်တွေ့မှတ်တမ်း
- No of Pages: 912
- Binding: Paperback
- Publication Month Year: Feb-2018
- Size: 15 cm x 24 cm
|
- Description: ခေတ်ရေစီးကို စုန်ဆန်ကူးခတ်လျက် လောကဓံကို ဖက်ပြိုင်အံတုခဲ့သူတစ်ယောက်၏ ရုပ်ပုံလွှာ ဘဝထုပ္ပတ် သို့မဟုတ် ... ခေတ်၏ မြင်ကွင်းကျယ် ရောင်စုံရုပ်ပုံကားချပ် ဝတ္ထုရှည်တစ်ပုဒ်ဖြစ်သည်။ ၈၈ အရေးအခင်းအပြီး တောခိုမည့် ကျောင်းသားများကို ထောက်ပံ့ကူညီမှု၊ တောခိုသွားသည့် ပြည်ထဲရေးဝန်ကြီးဟောင်း ဗိုလ်မှူးကြီးစိန်မြကို အားပေးထောက်ပံ့မှုဖြင့် ထောင်ကျခဲ့သူ သက်ခိုင်ဆိုသူ၏ ဘဝဇာတ်လမ်းနှင့်အတူ ထောက်လှမ်းရေးအဖွဲ့၏ နှိပ်စက်ညှင်းပမ်းမှုကို ခံခဲ့ရပုံများ၊ ထောင်တွင်းအတွေ့အကြုံများ၊ ထောင်မှလွတ်မြောက်ပြီး စီးပွားရေးလောကသို့ ဝင်ရောက်ခဲ့ရာမှ ထိတွေ့ခဲ့ရသည့် ဦးအိုက်ထွန်း၊ မောင်ဝိတ်စသည့် ဒိတ်ဒိတ်ကျဲ စီပွားရေးလောကသားများအကြောင်း၊ စီးပွားရေးလုပ်ငန်းများ၏ နောက်ကွယ်မှ လာဘ်ပေးလာဘ်ယူကိစ္စများကိုပါ မချွင်းမချန် ဖော်ထုတ်ရေးသားထားသည်ကို တွေ့ရသည်။ စာဖတ်သူတစ်ဦးက မှတ်ချက်ပြုထားရာ၌ “ဦးသက်ခိုင် ဇာတ်လမ်းကို စဖတ်စက အမှုမဲ့ အမှတ်မဲ့ သာမန်ကာ လျှံကာပါပဲ။ နောက်သိလာရတာ ဇာတ်လမ်းအရ ဇာတ်ကောင်တစ်ခုကို အခြေခံထားပေမဲ့ ကျွန်တော်တို့ သိခွင့်မရတဲ့ လက်ရှိ ပြည်တွင်းမှာ ဘာတွေ ဖြစ်ပျက်နေတယ်။ လောဘသားကောင်တွေ တစ်ယောက်နဲ့ တစ်ယောက် ဘယ်လို ခုတ်ထစ်လှီးကြ၊ ခွင်တွေ ဘယ်လိုဖန်တီးကြ၊ ပြည်သူတွေကို ဘယ်လိုခေါင်းပုံဖြတ်ကြ၊ ဘယ်သူတွေ ဘယ်သူ့ကိုပင်းပြီး ဘယ်လိုပေါင်းစားကြတယ်ဆိုတာ မျက်စိထဲမှာ မျက်ဝါးထင်ထင် ပေါ်လာတာပါပဲ။ နောက်ပြီး ဖြတ်သန်းလာခဲ့တဲ့ ခေတ်အဆက်ဆက်နဲ့ လူတွေရဲ့အကြောင်းကိုပါ တပါတည်း သိခွင့်ရပါတယ်”ဟု ဆိုထားသည်။ စာအုပ်ပါ ဇာတ်လမ်းများတွင် ပါဝင်ပတ်သက်ခဲ့သည့် ဇာတ်ကောင်များ၏ အမည်အများစုကိုလည်း အမည်ရင်းအတိုင်း ဖော်ပြထားသည်ကို တွေ့ရသည်။ ၎င်းနှင့်ပတ်သက်၍ စာရေးသူကလည်း “ဤစာအုပ်တွင် ဇာတ်ကောင်အမည်အများစုမှာ သက်ရှိထင်ရှားရှိခဲ့သူများ၊ ရှိနေသူများ၏ အမည်နာမများ ပါဝင်နေလေရာ ကာယကံရှင်ပုဂ္ဂိုလ်အချို့အနေဖြင့် မနှစ်မြို့စရာဖြစ်ကြမည်မှာ သေချာလှသော အချက်ဖြစ်၏။ စင်စစ် သက်ခိုင်သည် အမှန်တကယ်သက်ရှိထင်ရှားရှိသည့် ဇာတ်ကောင်ဖြစ်ရုံမက သူကျင်လည်ခဲ့သည့် ခေတ်ကာလအပိုင်းအခြားမှာလည်း လက်ရှိကာလနှင့်မနီးမဝေးသည့် ခေတ်ပြိုင်ကာလပင်ဖြစ်၍ ဤဇာတ်အိမ်သည် သက်ရှိထင်ရှား ဇာတ်ကောင်များနှင့် ဆပ်စပ်နေရခြင်း ဖြစ်ပေသည်။ စာရေးသူအနေဖြင့် မျက်မှောက်ခေတ် လူငယ်များအား ဘဝသင်ခန်းစာ၊ သမိုင်းသင်ခန်းစာ ဖြစ်လိုဖြစ်ငြားသာ ရည်ရွယ်ခဲ့ပြီး တစုံတယောက်သို့ ထိခိုက်နစ်နာစေရန် ရည်သန်ခဲ့သည်မဟုတ်ချေ။” ဟု သူ၏ website တွင် ဖော်ပြထားသည်။ စာအုပ်ပါ ဇာတ်လမ်းများမှာ သူ၏ websiteတွင် အခန်းဆက်အဖြစ် ၂ နှစ်ကျော် ရေးသားဖော်ပြခဲ့သော အခန်းပေါင်း (၈၈) ခန်းနှင့် ကျန်ဇာတ်သိမ်း (၁၃) ခန်းကို စုပေါင်းကို ပုံနှိပ်စာအုပ်အဖြစ် ထုတ်ဝေလိုက်ခြင်းဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|