|
Myanmar Books
Publishers
|
|
'ပုဂ္ဂလပညတ်'
,
'Microcontroller'
,
'လက်သုပ်'
,
'Slang'
,
'သက်ပိုင်ရဲ'
,
'read the passage'
,
'ဝိဘတ်'
,
'Talpiot'
,
'သိပ္ပံနည်းကျ'
,
'ဆယ်ကျော်သက်'
,
'ရေကူး'
,
'ကာမ'
,
'ရဲသီဟကိုတင်အောင်'
,
'သုတေသီမောင်မောင်'
,
'ဒေါ်ယဉ်ယဉ်လှ'
,
'မွန်ရာဇဝင်'
,
'ကောင်းမြတ်လွန်းသော်'
,
'စေတီ'
,
'ရွှေဥဒေါင်း'
,
'ဗေဒ'
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
|
- Description: ၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရလက်ထက် စစ်တပ်အာဏာသိမ်းသည့် ကာလအတွင်း တိုးတက်သည့် နိုင်ငံရေးသမားများ၊ သတင်းစာဆရာများ၊ ကျောင်းသားခေါင်းဆောင်များနှှု့် အတိုက်အခံ နိုင်ငံရေးသမား အမြားအပြားကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ကိုကိုးကျွန်းသို့ ပို့ဆောင်ခဲ့သည်။ ကိုကိုးကျွန်းတွင် အကျဉ်းထောင်ကို ၂ လအတွင်းအပြီးတည်ဆောက်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသားများကိုထားရန် ရည်ရွယ်ကာ ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ ယခုစာအုပ်သည် ထိုအကျဉ်းစခန်းတွင် အကျဉ်းချထားခြင်းခံခဲ့ရသည့် လေထီးဦးအုန်းမောင်နှင့် သခင်ဖေဌေးတို့ နှစ်ဦးအကြောင်းကို သူတို့နှင့်အတူ အကျဉ်းချထားခြင်း ခံခဲ့ရသူ စာရေးသူက မှတ်တမ်းတင် ရေးသားထားခြင်းဖြစ်သည်။ ကိုယ်တစ်ခြမ်းစောင်း၍ ခေါင်းတစ်ဖက်ငိုက်ကာ ခြေတစ်ဖက်ခွင်လျက် မစွမ်းမသန်ဖြစ်နေသူ သခင်ဖေဌေး၊ သေနတ်ဒဏ်ရာကြောင့် ချိုင်းထောက်ကြီးနှင့် လမ်းလျှောက်နေရသူ လေထီးဦးအုန်းမောင်တို့ ၂ ဦးသည် ဒုက္ခိတဖြစ်တာခြင်းလည်းတူ၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီအရေးတွင်လည်း သဘောထားများတူညီကြရုံသာမက ယုံကြည်မှုပေါ်တွင် ခိုင်မာမှုလည်း တူကြသဖြင့် ဖဆပလအစိုးရ၏ အငြှိုးထား မုန်းတီးခြင်းကို ခံခဲ့ရသည်။ ယခုစာအုပ်တွင် သူတို့နှစ်ဦး၏ နိုင်ငံ့လွတ်လပ်ရေး၊ ပြည်သူ့လွတ်လပ်ရေး တိုက်ပွဲတစ်လျှောက် ဇွဲသန်သန် ဆောင်ရွက်ခဲ့ပုံ၊ အနစ်နာခံခဲ့ပုံ၊ နိုင်ငံနှင့် ပြည်သူတို့အပေါ် အကျိုးပြုခဲ့ပုံ၊ ထောင်ထဲတွင် မည်မျှ ဒုက္ခဆင်းရဲခံခဲ့ပုံ၊ ထိုသို့ ဒုက္ခခံခဲ့ရသော်လည်း စိတ်ဓာတ်ယိုင်လဲခြင်း မလျဉ်းမရှိခဲ့ပုံများကို အသေးစိတ် မှတ်တမ်းတင် ရေးသားထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|