|
Myanmar Books
Publishers
|
|
'ဒိုင်ယာနာ'
,
'ရှင်တို'
,
'မဟာဗောဓိမြိုင်ဆရာတော်'
,
'ထောင်နှင့် လူသား'
,
'Nightingale'
,
'၃၇ မင်း'
,
'ထေရုပ္ပတ္တိ'
,
'ရေနံ'
,
'jotika'
,
'Ava'
,
'Hand-made'
,
'မင်းနိုင်'
,
'ဥပစာ'
,
'အချစ်ဒဿန'
,
'U Agga'
,
'ဒေသနာနယ'
,
'ရှပ်နီ'
,
'ဆန်း'
,
'ကျော်'
,
'ရက်ကန်း'
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များနှင့် လူငယ်မန်နေဂျာများအပါအဝင် ကုမ္ပဏီလုပ်ထုံးလုပ်နည်းဆိုင်ရာများကို အခြေခံမှစ၍ သိရှိနားလည်နိုင်စေရန်အတွက် ရှင်းလင်းရေးသားထားသော စာအုပ်ဖြစ်သည်။ စာအုပ်တွင် မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေကို ကျောရိုးပြု၍ မြန်မာကုမ္ပဏီများ၏ လုပ်ထုံးလုပ်နည်းများကို ဖော်ပြပေးထားသည်။ ကုမ္ပဏီဥပဒေသမိုင်းကိုလည်း ဘာသာရပ်လေ့လာမှုအချီးအနေနှင့် တင်ပြထားသည်။ ကုမ္ပဏီတစ်ခု စတင်တည်ထောင်သည်မှ စာရင်းရှင်းဖျက်သိမ်းသည်အထိ ဥပဒေသလိုကျ အခန်းလိုက်ဖော်ပြပေးထားသည်ကိုလည်း တွေ့ရသည်။ ထို့ပြင် ကုမ္ပဏီလုပ်ငန်း၏ အခြေခံဖြစ်သော မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေနှင့် နောက်ဆက်တွဲစည်းမျဉ်းတို့ကို ဘာသာပြန်ဆို၍ နောက်ဆက်တွဲအနေဖြင့် ဖော်ပြပေးထားသည်။ ကုမ္ပဏီနှင့် ကုမ္ပဏီဥပဒေတို့၏ သမိုင်းနောက်ခံ၊ ကုမ္ပဏီနှင့် ကုမ္ပဏီဥပဒေသမိုင်း၊ အိန္ဒိကုမ္ပဏီဥပဒေသမိုင်း၊ မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေ၊ စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းများနှင့် ကုမ္ပဏီ၊ ကုမ္ပဏီ၏ ကော်ပိုရိတ်သဘာဝ၊ ကုမ္ပဏီကို ကော်ပိုရေးရှင်းအဖြစ် ဖွဲ့စည်းခြင်းအကြောင်း၊ ကုမ္ပဏီဖွဲ့စည်းတည်ထောင်ခြင်းအကြောင်း၊ လုပ်ငန်းညွှန်တမ်း၊ အစုရှယ်ယာမတည် ထည့်ငွေရင်း၊ မတည်ငွေရင်း ပြောင်းလဲခြင်းအကြောင်း၊ အစုရှယ်ယာများအတွက် စီမံခန့်ခွဲဆောင်ရွက်ချက်များနှင့် ဒီဘင်ချာများ၊ အစုရှယ်ယာပိုင်ရှင်များ၏ မှတ်တမ်းများ၊ ဒါရိုက်တာများ၏ တာဝန်နှင့် အခွင့်အာဏာများ၊ အုပ်ချုပ်မှုကိုယ်စားလှယ်နှင့် ကုမ္ပဏီအတွင်းရေးမှူး၊ ကုမ္ပဏီ၏ ရုံး၊ အမည်ဆိုင်းဘုတ်နှင့် တံဆိပ်၊ ကုမ္ပဏီ၏ အစည်းအဝေးများ၊ ကုမ္ပဏီ၏ ချေးယူငွေများ၊ ကုမ္ပဏီကချုပ်ဆိုသော ပဋိညာဉ်စာချုပ်များ၊ ကုမ္ပဏီစာရင်းများ၊ စာရင်းစာအုပ်များ၊ အစီရင်ခံစာများ၊ စာရင်းစစ်ဆေးခြင်းနှင့် စုံစမ်းစစ်ဆေးခြင်း၊ ကုမ္ပဏီကို စာရင်းရှင်းလင်း ဖျက်သိမ်းခြင်း၊ ထူးခြားသော ကုမ္ပဏီများ၊ ပုဂ္ဂလိကကုမ္ပဏီ၊ နိုင်ငံခြားကုမ္ပဏီနှင့် ဘဏ်လုပ်ငန်းကုမ္ပဏီ၊ ကုမ္ပဏီများ ပေါင်းစည်းခြင်း၊ ကုမ္ပဏီ၏ အစုရှယ်ယာများနှင့် စတော့ရှယ်ယာဈေးကွက်အပါအဝင် အခန်း ၂၁ ခန်းခွဲ ရေးသားရှင်းလင်းထားသည်။ စာရေးသူသည် ဤစာအုပ်တွင် ပထမအကြိမ် ထွန်းဖောင်ဒေးရှင်း (၂ဝဝ၆) စီပွားရေးဘာသာရပ်စာမူဆုကို ဆွတ်ခူးနိုင်ခဲ့သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|