|
Myanmar Books
Publishers
|
|
'ဒိုင်ယာနာ'
,
'ရှင်တို'
,
'မဟာဗောဓိမြိုင်ဆရာတော်'
,
'ထောင်နှင့် လူသား'
,
'Nightingale'
,
'၃၇ မင်း'
,
'ထေရုပ္ပတ္တိ'
,
'ရေနံ'
,
'jotika'
,
'Ava'
,
'Hand-made'
,
'မင်းနိုင်'
,
'ဥပစာ'
,
'အချစ်ဒဿန'
,
'U Agga'
,
'ဒေသနာနယ'
,
'ရှပ်နီ'
,
'ဆန်း'
,
'ကျော်'
,
'ရက်ကန်း'
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: ဒီပဲယင်းလုပ်ကြံမှုသည် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး နှစ်ပေါင်း ၆ဝ အတွင်း အရက်စက်ဆုံး၊ အယုတ်မာဆုံး၊ အကျည်းတန်ဆုံး၊ အရိုင်းပျဆုံးနှင့် သမိုင်းအမည်းစက်အကြီးဆုံး စွန်းထင်းခြင်းခံရသည့် အာဏာရှင်အစိုးရ၏ ပြယုဂ်တစ်ခုဖြစ်သည်ဟု စာအုပ်စီစဉ်သူက ဆိုသည်။ ထိုဖြစ်စဉ်တွင် အနစ်နာဆုံးဖြစ်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသမီးတစ်ဦး၏ မြင့်မြတ်ကြီးမားသော သန့်စင်သည့် မေတ္တာတရားဖြင့် ၎င်းလုပ်ကြံမှုကြီးအပေါ် အာဃာတမထား၊ သဘောထားကြီးစွာဖြင့် သင်ပုန်းချေ ခွင့်လွှတ်လိုက်ပြီ ဖြစ်သည်။ အမှန်စင်စစ်မူ ခွင့်လွှတ်ခြင်းသည် ရန်သူကို အရှုံးပေးခြင်းမဟုတ်ဘဲ စစ်မှန်သော အနိုင်ယူခြင်းသည် ရန်သူကို ခွင့်လွှတ်ခြင်းဖြစ်ကြောင်း ပြလိုက်ခြင်းပင် ဖြစ်သည်။ အမှောင်ထုကို အားပြုလျက် သင်္ကန်းပတ်ထားသည့် သံဃာအယောင်ဆောင်လူများ၊ တုတ်, ဓား, လက်နက်များကိုင်ဆောင်ထားသည့်သူများသည် အဖွဲ့အစည်းတစ်ခု၏ အုပ်ချုပ်မှုအောက်တွင် စနစ်တကျစုစည်းလျက် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးတို့ပါလာသည့် ကားတန်းကို ရက်စက်စွာ တိုက်ခိုက်ခဲ့ကြရာ လက်နက်ဆို၍ အပ်တိုမျှပင်မပါသည့် ဒေါ်အောင်ဆန်းစုကြည်တို့ ကားတန်းပါလူများသည် တစ်ဖက်သတ် အရိုက်ခံခဲ့ရပြီး လူအများအပြားသည် ပြင်းထန်သော ဒဏ်ရာများကြောင့် အသက်ပေးခဲ့ကြရသည်။ ကံကောင်းထောက်မ လွတ်မြောက်ခဲ့သူများမှာလည်း အကျဉ်းထောင်များတွင် ရက်စက်စွာ နှိပ်စပ်ညှင်းပန်းခြင်းကို ခံခဲ့ကြရသည်။ ယခုစာအုပ်သည် ထိုကားတန်းတွင် ပါဝင်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီး ဦးတင်ဦး၊ ၎င်းအရေးအခင်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ကားကို မောင်းပေးသူ လူငယ်ကိုကျော်စိုးလင်းတို့၏ သူတို့အတွေ့အကြုံ ပြောပြချက်နှင့်အတူ ၎င်းအရေးအခင်းအကြောင်း စပ်ဆိုထားသည့် ကိုကြည်မောင်သန်း၏ ကဗျာ၊ ပြန်ကြားရေးကော်မတီ ယာယီတာဝန်ခံ မုံရွာအောင်ရှင်နှင့် စာအုပ်စီစဉ်သူ ဖျာပုံနီလုံဦး၏ အမှာစာများကို စုစည်းမှတ်တမ်းတင်ထားခြင်း ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|