|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: ဘန်းစကား သို့မဟုတ် အရပ်သုံးစကားဟူသည် ပြောဆိုရေးသားသလို အဓိပ္ပာယ်တိုက်ရိုက်မထွက်ဘဲ သီးခြားအဓိပ္ပာယ်ထွက်လာသည့်စာ၊ စကားတစ်မျိုးဖြစ်သည်။ ထိုစကားများသည် ကြားရသူအဖို့ အဓိပ္ပာယ်ငုပ်နေတတ်ရာ ဘာကိုဆိုလိုသည်ကို ရုတ်တရက် မသိနိုင် ဖြစ်ကြရသည်။ အမှန်စင်စစ် ဘန်းစကားများသည် အချည်းနှီးမဟုတ်ကြပေ၊ လူမျိုးတို့၏ ယဉ်ကျေးမှုနောက်ခံကားနှင့် စရိုက်သွင်ပြင်ကိုလည်းကောင်း၊ စကားပြောအတတ်ကိုလည်းကောင်း၊ ဥပမာ ဥပစာ သုံးစွဲပုံကိုလည်းကောင်း ဖော်ပြလျက်ရှိရာ ထိုလူမျိုးတို့၏ ဘာသာစကားလေ့လာရာတွင် မသိမဖြစ် လေ့လာသင့်သော စကားများပင်ဖြစ်သည်။ ယခုစာပြုသူသည် မြန်မာစာ၊ မြန်မာမှု၌ အထူးနှံ့စပ် ကျွမ်းကျင်သူ နိုင်ငံသိ ဝါရင့်စာရေးဆရာတစ်ဦးဖြစ်သည်။ စာအုပ်၌ မြန်မာဘန်းစကားများ လက်လှမ်းမီသရွေ့ စုစည်းချက် ကကြီးမှ အ ထိ အက္ခရာစဉ်ကာ စကားလုံးတစ်လုံးစီ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ အသုံးအနှုံးများကို ယှဉ်တွဲပြဆိုထားသည့်အတွက် မြန်မာစာ၊ မြန်မာစကား၊ မြန်မာမှုတို့ကို စိတ်ဝင်စားသူများအတွက် လက်စွဲစာအုပ်ကောင်း တစ်အုပ်အဖြစ် ဆောင်ထားသင့်သော စာအုပ်ပင် ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|