|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
- ရဟန်းတော်များနှင့် နိုင်ငံ့အရေး
-
-
Author(s):
ကလောင်စုံ
- Type: Myanmar Books
-
Category:
နိုင်ငံရေး
- No of Pages: 136
- Binding: Paperback
- Publication Month Year: Jul-2013
- Size: 12 cm x 21 cm
|
- Description: ဗုဒ္ဓဘုရားရှင်သည် လောက၏ အကျိုးရှိရာ ရှိကြောင်းနှင့် လူတွေ၏ အကျိုးရှိရာ ရှိကြောင်းအလုပ်များကို လုပ်ဆောင်ကြဖို့ ညွှန်ကြားခဲ့သလို လောကကြီး ငြိမ်းချမ်းသာယာအောင် လုပ်ဆောင်ကြဖို့ ရဟန်းတော်တွေကို တိုက်တွန်းခဲ့သည်။ သူကိုယ်တိုင်လည်း စံပြနိုင်ငံရေးသမားကြီး, ငြိမ်းချမ်းရေးသမားကြီးအဖြစ် ရပ်တည်သွားခဲ့သည်။ ရဟန်းတော်တွေ နိုင်ငံရေးမလုပ်ကောင်းဘူး၊ ရဟန်းကိစ္စ နှစ်ဓုရဆိုသည့်အတိုင်း ဝိပဿနာဓုရနှင့် ဂန္ထဓုရ နှစ်ပါးသာလုပ်ရမည်ဟု ယခင်စစ်အစိုးရသည် ဝါဒဖြန့် အတင်းအကျပ် ပိတ်ပင်တားဆီးခဲ့သော်လည်း စစ်အစိုးရ၏ ဘာသာရေး ဖိနှိပ်မှု၊ လူမျိုးရေးဖိနှိပ်မှု ဆန့်ကျင်ရေးအဖြစ် ၂ဝဝ၇ ရွှေဝါရောင်တော်လှန်ရေးကြီး ပေါ်ပေါက်လာခဲ့ပြီး သံဃာတော်များနှင့် လူထုနှင့် တစ်သားထဲ ရှိကြောင်းကို ပြသခဲ့ကြသည်။ ယခုစာအုပ်သည် ၂ဝဝ၇ ရွှေဝါရောင်တော်လှန်ရေးကြီး နှစ်ပတ်လည်အဖြစ် ထုတ်ဝေလိုက်ခြင်း ဖြစ်သည်။ စာအုပ်တွင် ခေတ်အဆက်ဆက်က မတရားမှုများကို အန်တုတော်လှန်ခဲ့ကြသည့် ရဟန်းအာဇာနည် ဦးဥတ္တမအကြောင်း၊ ၂ဝဝ၇ ရွှေဝါရောင်တော်လှန်ရေး အစပျိုးခဲ့ပုံနှင့် တစ်ပြည်လုံးသို့ ပြန့်နှံ့သွားခဲ့ပုံ၊ အဆုံးသတ်တွင် စစ်အစိုးရ၏ ရက်စက်စွာ နှိပ်ကွပ်ခြင်း ခံခဲ့ရပုံ၊ ဦးဆောင်ပါဝင်လှုပ်ရှားခဲ့ကြသည့် သံဃာ့ခေါင်းဆောင်များ ပြည်ပသို့ ထွက်ပြေးသူက ထွက်ပြေး၊ ပြည်တွင်း၌ အဖမ်းခံရသူများသည်လည်း ထောင်တွင်းတွင် နည်းမျိုးစုံဖြင့် နှိပ်စက်ခြင်း ခံခဲ့ရပုံများကို အရေးအခင်းအတွင်း ပါဝင်ခဲ့သူများက ဆောင်းပါး ၂၁ ပုဒ်ခွဲ၍ မှတ်တမ်းတင်ရေးသားထားကြသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|