|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
- ရဟန်းလက်သုံး ဝိနည်းကျင့်ထုံးခေါ် ဝိဇိတာရုံ သိမ်နုတ်, သိမ်သမုတ်နည်းမျိုးစုံ ကျမ်းမဟာ
-
-
Author(s):
အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တဉာဏိန္ဒမဟာထေရ်
- Type: Myanmar Books
-
Category:
ဘာသာရေး
- No of Pages: 436
- Binding: Paperback
- Publication Month Year: 2013
- Size: 19 cm x 26 cm
|
- Description: ချောက်မြို့၊ မဟာဝိဇိတာရုံ၊ ဆင်ဖြူကျွန်းကျောင်းတိုက်၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တဉာဏ်န္ဒမဟာထေရ် ရေးသားစီရင်သော ရဟန်းလက်သုံး ဝိနည်းကျင့်ထုံးခေါ် သိမ်နုတ်, သိမ်သမုတ်နည်းမျိုးစုံ နည်းမဟာကျမ်းစာဖြစ်သည်။ သိမ်နုတ်, သိမ်သမုတ် နည်းမျိုးစုံတို့ကို ဝိနည်းပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာနည်းအရ အာစရိယဝါဒ လက်ကိုင်ထားလျက် အဆုံးအဖြတ်, ဝိနိစ္ဆယများနှင့်တကွ ဝေဝေဆာဆာ ရေးသားစီရင်ထားသည့် စာအုပ်ဖြစ်သည်။ သာသနာတော်တွင် သိမ်မရှိလျှင် ရဟန်းတော်များ မဖြစ်နိုင်၊ ရဟန်းတော်များမဖြစ်လျှင် သာမဏေများ ရဟန်းတော်များလည်း မဖြစ်နိုင်တော့ရာ ထိုသို့ ဗုဒ္ဓသာသနာတွင် အရေးပါလှသော သိမ်နှင့် ပတ်သက်၍ ဤစာအုပ်တွင် သိမ်နုတ်နည်း ၇ဝ အကြောင်း၊ သိမ်သမုတ်ပုံ၊ သိမ်နိမိတ်ကြားပုံ၊ နယ်သိမ်းပုံ၊ သိမ်နုတ်ပုံ၊ ဘူမိဂတိကအကြောင်း၊ ကျောက်နိမိတ်၏ ပိုလ်အဆုံးအဖြတ်၊ ကမ္မဝါဖတ်ရာတွင် နာနာဝါဒဖတ်ပုံ၊ ဝိသုံဂါမသိမ် ၄ မျိုးအကြောင်း၊ ဥပရိပါသာဒသိမ်အကြောင်း၊ ငှက်မနားသိမ်အကြောင်း၊ မဟာသိမ်အကြောင်း၊ သမာနသံဝါသသမ္မုတိကမ္မဝါစာနိဂုံး၌ (သာ) အဆုံးအဖြတ်၊ ဆန္ဒသိုးဝါဒအဆုံးအဖြတ်၊ ဧတံ, ဣဒံ, တံ ဥဒကံ နိမိတ္တံ ဟု နိမိတ်ကြားပုံ၊ ဂါမယူပုံ ဝါဒစုံ၊ ထူးခြားသော သိမ်ကူးနည်း၊ သိမ်ကြောဖြတ်နည်း၊ စေတီပတ်လည်ရံ၍ သိမ်နုတ်နည်း၊ သိမ်နုတ်ရာတွင် နယ်သိမ်းဝါဒ အစရှိသည်တို့ကို ပါဠိတော်, အဋ္ဌကထာ, ဋီကာ, ပဏ္ဌိနိဿယ အာစရိယဝါဒ စသည့် အကိုးအကားများနှင့်အတူ စာမျက်နှာပေါင်း ၄ဝဝ ကျော်ဖြင့် ပြည့်ပြည့်စုံစုံ ရှင်းလင်းရေးသားထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|