|
Myanmar Books
Publishers
|
|
'ဦးလှဒင်'
,
'Darwin'
,
'ဝေဖန်ရေး'
,
'သခင်ကိုယ်တော်မှိုင်း'
,
'KNDO'
,
'စာရင်'
,
'စိတ်ကူး'
,
'မောင်သွေးသစ်'
,
'ဇာတာ'
,
'သော်နေဇင်'
,
'ava 1740s'
,
'Japan'
,
'ဓန'
,
'Human Resource'
,
'NLD'
,
'တိလက္'
,
'ပဋ္ဌာန်းတရား'
,
'DKBA'
,
'present'
,
'ခမာနီ'
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: ဗိုလ်ချုပ်ကြီးနေဝင်း စတင်မွေးဖွားချိန်မှသည် မထင်မရှားဖြင့် ဘဝနိဂုံးချုပ်သည်အထိ ဘဝဖြစ်စဉ်ကို အသေးစိတ် မှတ်တမ်းတင်ရေးသားထားသော စာအုပ်ဖြစ်သည်။ ဗိုလ်ချုပ်ကြီးနေဝင်း၏ ကျောင်းသားဘဝ၊ ဂျပန်စစ်ပညာတော်ဘဝ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုတွင် ပါဝင်ခဲ့ပုံ၊ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီး ဗိုလ်နေဝင်း ဇာတာစန်းလဂ် တက်စေခဲ့ရခြင်း အကြောင်းရင်း၊ ၁၉၅၈ ခုနှစ်နှင့် ၁၉၆၂ ခုနှစ် စစ်တပ်မှ အာဏာသိမ်းရခြင်းအကြောင်းရင်းနှင့် သူနှင့်အတူ ပါဝင်ခဲ့သည့် ဒေါက်တိုင်များအကြောင်း၊ ထိုသို့ စစ်တပ်မှ အာဏာသိမ်းပြီးနောက် တိုင်းပြည်၏ စီးပွားရေးကျဆင်းလာပုံ၊ နောက်ဆုံးတွင် ၈၈ အရေးအခင်းကြောင့် ရာထူးမှနုတ်ထွက်ရပုံ၊ နဝတ တက်လာပြီးနောက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်၌ မအောင်မြင်သော အာဏာသိမ်းရန် ကြံစည်မှုဖြင့် သူ၏ သမီး, သားမက်နှင့် မြေးများ အဖမ်းခံခဲ့ရပုံ၊ နောက်ဆုံးတွင် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဘဝဖြင့် အသက် ၉၂ နှစ်တွင် နောက်ဆုံးဇီဝိန်ချုပ်သွားခဲ့ပုံများကို ဤစာအုပ်တွင် အသေးစိတ်ရေးသား မှတ်တမ်းတင်ထားသည်။ စာရေးသူက အမှာစာ ရေးပေးထားရာ၌ “... အမှောင်ထုကို ဖောက်ထွက်၍ ယနေ့လူငယ်များ အတိတ်၏ သင်ခန်းစာများကို ရယူရာ ပစ္စုပ္ပန်တွင် နိုင်ငံနှင့်လူမျိုးအကျိုး သယ်ပိုးရန် တစ်ချိန်က အာဏာရှင်တို့ မင်းမူကာ တိုင်းပြည်အား နည်းမျိုးစုံဖြင့် ဖျက်ဆီးသွားသော လုပ်ရပ်များကို သိရှိရန်အတွက် ဤစာအုပ်ကို ရေးသားခဲ့ရပါသည်။ ဤရည်ရွယ်ချက်ဖြင့် အာဏာရှင်တို့၏ ဘဝဇာတ်လမ်းနှင့် အာဏာရှင်စနစ်ကို ရေးလိုက်ရပေရာ အမှန်ကို ဘွင်းဘွင်းကြီးနှင့် တင်းတင်းကြီး ရေးလိုက်သဖြင့် တစ်စုံတစ်ယောက်၊ အဖွဲ့အစည်းတစ်ခု၊ ပါတီတစ်ရပ်အား ထိခိုက်သွားလျှင် သွားပါစေ၊ ကျွန်ုပ်အား အပြစ်မှ ခွင့်လွှတ်ပါရန် ကျွန်ုပ်ကား ခခယယ တောင်းပန်နေလိမ့်မည် မဟုတ်ပေ။ တောင်းပန်နေလျှင် အမှန်သည် ယုတ်လျော့သွားချေမည် ဖြစ်သည်။ ထို့ကြောင့် အာဏာရှင်နှင့် ပတ်သက်သော တစ်စုံတစ်ယောက်က ဖတ်၍ ကျွန်ုပ်၏ စာအုပ်ကို မီးရှို့ပစ်ချင်အောင် ဒေါသပေါက်ကွဲလာပါက စာရေးသူအနေဖြင့် ဤစာအုပ်ကို ရေးရကျိုးနပ်ပြီဟု မိမိကိုယ်ကိုမိမိ နှစ်သိမ့်ကျေနပ်လိုက်ရပါတော့သည်။” ဟု ပွင့်ပွင့်လင်းလင်း ဆိုထားသည်။ ယခုစာအုပ်သည် ဒုတိယအကြိမ် ထပ်မံဖြည့်စွက် ထုတ်ဝေထားခြင်း ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|