|
Myanmar Books
Publishers
|
|
'ဒိုင်ယာနာ'
,
'ရှင်တို'
,
'မဟာဗောဓိမြိုင်ဆရာတော်'
,
'ထောင်နှင့် လူသား'
,
'Nightingale'
,
'၃၇ မင်း'
,
'ထေရုပ္ပတ္တိ'
,
'ရေနံ'
,
'jotika'
,
'Ava'
,
'Hand-made'
,
'မင်းနိုင်'
,
'ဥပစာ'
,
'အချစ်ဒဿန'
,
'U Agga'
,
'ဒေသနာနယ'
,
'ရှပ်နီ'
,
'ဆန်း'
,
'ကျော်'
,
'ရက်ကန်း'
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
|
- Description: ခေတ်စနစ်ဆိုးအတွင်း ပရိသတ် စိတ်ဝင်စားသည့် ဝန်ကြီး၊ ဗိုလ်ချုပ်ဇာတ်ရုပ်များနှင့် ခြယ်မှုန်းထားသည့် “မင်းဒင်ရဲ့ သက်ခိုင်” စာအုပ်ပါ အချက်အလက်များ မှန်ကန်မှုရှိ မရှိ၊ ရှေ့နောက် ညီညွတ်မှု ရှိ မရှိ၊ သမိုင်းအထောက်အထား ခိုင်လုံမှု ရှိမရှိတို့ကို ဆန်းစစ်ဝေဖန်ရေးသားထားသည့် စာအုပ်ဖြစ်သည်။ ၎င်းစာအုပ်ပါ ထောင်, ရဲဘက်စခန်းနှင့် ဝန်ထမ်းများနှင့် ပတ်သက်သည့် သရုပ်ဖော်ရေးသားချက်များ၊ ၎င်းစာအုပ်ပါ ပြင်ပရှိ တကယ်ရှိသူများ၏ တုံ့ပြန်မှုများ၊ ၎င်းစာအုပ်ပါ ဟယ်ရီတန်အုတ်ဂူကိစ္စ၊ စံရိပ်ငြိမ်ဘဏ်တိုက်ပွဲသည် တကယ်ဖြစ်ခဲ့ မဖြစ်ခဲ့၊ မြန်မာနိုင်ငံရှိ နာမည်ကြီး စီးပွားရေးသမားများအကြောင်း ရေးသားဖော်ပြချက်၊ နိုင်ငံ့ဝန်ထမ်း အကြီးအကဲ၊ စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်များနှင့် ဆက်စပ်ဖော်ပြချက်၊ လာဘ်ထိုးကိစ္စများ၊ “ဝ” လူမျိုးများနှင့် ဇာတ်လမ်း အပါအဝင် စာအုပ်ပါ အကြောင်းအရာများကို အထောက်အထားများနှင့်တကွ ဝေဖန်တုံ့ပြန်ရေးသားထားသည်။ စာအုပ်စီစဉ်သူကလည်း ဝတ္ထုဇာတ်ကြောင်းအရ “မင်းဒင်ရဲ့ သက်ခိုင်” စာအုပ်သည် ဖတ်ကောင်းသော်လည်း “သမိုင်းအမှန်နှင့် ကင်းဝေးနေမှာစိုးသည့်အတွက်လည်းကောင်း၊ သမိုင်းအမှားတွေနဲ့ ကျင့်သားရနေရာက နားအကြားနဲ့ ထပ်မမှားစေချင်၍လည်းကောင်း” လျှပ်တပြက်ဂျာနယ်တွင် အပတ်စဉ်ဖော်ပြခဲ့သည့် ဤစာအုပ်ပါဆောင်းပါးများကို စုစည်း၍ စာအုပ်အဖြစ် စီစဉ်ထုတ်ဝေဖြစ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|