|
Myanmar Books
Publishers
|
|
'Torrent'
,
'မွန်သာသနာ'
,
'ဂျပန်ဝေါဟာရ'
,
'ဇော်ဇော်ထွန်း'
,
'းရာဇဝင်'
,
'ဘားအံ'
,
'Power Point'
,
'သုသုက'
,
'ဂုရု'
,
'ဂဏ'
,
'မာသာထရီဆာ'
,
'ယုံတမ်း'
,
'တာလီဘန်'
,
'Camera'
,
'နေမင်းသန်း'
,
'မန်လည်ဆရာတော်'
,
'နာနာဘာဝ'
,
'Conton'
,
'ကထိန်'
,
'Root'
|
More ...
|
Top 10 Most Visited of This Week
Book Details
|
- ခရီးသွား၊ စီးပွားမှတ်တမ်းများ
-
-
Author(s):
လှမင်းနိုင်
- Type: Myanmar Books
-
Category:
ခရီးသွား / ပထဝီဝင်
- No of Pages: 215
- Binding: Paperback
- Publication Month Year: Mar-2014
- Size: 14 cm x 21 cm
|
- Description: NGO အဖွဲ့အစည်းများတွင် လုပ်ကိုင်ရင်း တာဝန်အရ မြန်မာပြည်တစ်လွှားသို့ ရောက်ရှိခဲ့သူ စာရေးသူက သူ၏ ခရီးသွားအတွေ့အကြုံများကို Business မဂ္ဂဇင်းတွင် ဆောင်းပါးများရေးသားခဲ့ရာ ယခုစာအုပ်သည် ၎င်းတို့ကို စုစည်းထုတ်ဝေထားခြင်း ဖြစ်သည်။ အထူးသဖြင့် ရောက်ရှိရာဒေသများ၏ အသေးစားနှင့် အလတ်စားလုပ်ငန်းများအကြောင်း၊ ဒေသထွက် စားသောက်ဖွယ်ရာလုပ်ငန်းများအကြောင်း၊ ရေလုပ်ငန်း၊ လက်မှုအနုပညာလုပ်ငန်း၊ အဝတ်အထည်လုပ်ငန်းများအကြောင်းကို စိတ်ဝင်စားဖွယ် ရေးသားတင်ပြထားသည်။ မန္တလေး - ပြင်ဦးလွင်ကားလမ်းရှိ ၂၁ မိုင်စခန်းရှိ ဝန်ဆောင်မှုလုပ်ငန်းများ အမျိုးမျိုးအကြောင်း၊ ကမ်းရိုးတန်းဒေသရှိ ပိုက်ကြီးဆွဲလုပ်ငန်း၊ ထန်းလျက်လုပ်ငန်း၊ စစ်ကိုင်းအိုးလုပ်ငန်း၊ မုံရွာ ကြေးမုံရွာရှိ မွေ့ရာ၊ စောင်နှင့် ခေါင်းအုံးလုပ်ငန်းနှင့် ကြေးအစစ်ဖြင့် ပြုလုပ်သည့် မီးပူလုပ်ငန်း၊ အုန်းသားလုပ်ငန်း၊ ကျောက်မဲမြို့ မုန်ညင်းချဉ်လုပ်ငန်း၊ အနောက်မြောက်တံခါး၏ ဝင်ပေါက်ဂိတ် ဟုဆိုနိုင်သည့် တမူးမြို့နယ်စပ်ဂိတ်၊ ကျိုင်းတုံမြို့ရှိ အာခါလူမျိုးတို့၏ ဂျက်ခုတ်ရက်လုပ်သည့် လုပ်ငန်း၊ ရှမ်းယွမ်းထည်လုပ်ငန်းများအကြောင်းကို အပေါ်ယံမဟုတ်ဘဲ အတွင်းကျကျလေ့လာကာ လုပ်ငန်းသဘာဝ၊ လုပ်ကွက်အနေအထား အခြေအနေများနှင့်အတူ အသေးစိတ်လေ့လာတင်ပြထားသည်ကို တွေ့ရသည်။ MMRDမှ သုတေသနဒါရိုက်တာ ဦးအောင် (သုတေသန)က အမှာစာရေးပေးထားရာ၌ “ ... သူ၏ တင်ပြပုံမှာ အကြောင်းအရာစုံလင်သည်။ ရှင်းလင်းသည်။ ဖတ်ချင်စရာကောင်းသည်။ ထို့ကြောင့် ဗဟုသုတရစရာ၊ ယင်းဒေသသို့ ရောက်ခဲ့ပါက သူတင်ပြသည့် လုပ်ငန်းများကို သွားကြည့်ချင်စရာ ရေးသားတင်ပြတတ်သည်။ ... ” ဟု ညွှန်းဆိုထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|