|
Myanmar Books
Publishers
|
|
'ကမ္ဘာဂြိုဟ်'
,
'ဂျပန်သမိုင်း'
,
'ပန်းသီး'
,
'ငရဲခွေး'
,
'ဆန်း'
,
'စာဆုိ'
,
'Henry C.Lee'
,
'ညီနောင် (Humber)'
,
'TeamViewer'
,
'ဓဇဂ္ဂ'
,
'War'
,
'brand'
,
'အာပတ်'
,
'Detox Water'
,
'ဦးကောင်းစံ'
,
'အမှောင်'
,
'၈၈ အရေးအခင်း'
,
'သုံး'
,
'ကိုကိုမောင်ကြီး'
,
'jotika'
|
More ...
|
Latest 10 Editor's Choices
Book Details
|
- ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးသားပုံရိပ်များ (ဒေါ်အောင်ဆန်းစုကြည်၏ ၆၉ နှစ်မြောက် မွေးနေ့အမှတ်တရ)
-
-
Author(s):
မောင်မောင်ဝမ်း
- Type: Myanmar Books
-
Category:
အတ္ထုပ္ပတ္တိ / ကိုယ်တွေ့မှတ်တမ်း
- No of Pages: 109
- Binding: Paperback
- Publication Month Year: Jun-2014
- Size: 13 cm x 21 cm
|
- Description: တက္ကသိုလ်ကျောင်းသားဘဝက လူရွှင်တော်ဂျပ်ဆင်အဖြစ် တက္ကသိုလ်အနုပညာလောကတွင် လူသိများခဲ့သူ၊ ရှစ်လေးလုံးအရေးတော်ပုံကြီးကာလ ရေနံချောင်းမြို့ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌအဖြစ်တာဝန်ယူ လှုပ်ရှားခဲ့ပြီး အရေးအခင်းပြီးနောက် အကြိမ်ကြိမ် ထောင်သွင်းအကျဉ်းချထားခြင်း ခံရသူ၊ ၂ဝဝ၅ ခုနှစ် ထောင်မှ လွတ်မြောက်ပြီးနောက် နယ်စပ်သို့ထွက်လာခဲ့ကာ ထိုမှတဆင့် အမေရိကန်နိုင်ငံသို့ ရောက်ရှိခဲ့သူ စာရေးသူက သူ၏ Facebook စာမျက်နှာများပေါ်တွင် ရေးသားခဲ့သော “ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးသားပုံရိပ်များ” အခန်းဆက်ဆောင်းပါးများ စုစည်း၍ စာအုပ်အဖြစ် ထုတ်ဝေထားခြင်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ စိတ်နေစိတ်ထား (တစ်နည်းအားဖြင့်) နှလုံးသားပုံရိပ်များ၊ နိုင်ငံနှင့် လူမျိုးကို ဦးဆောင်မည့် အရည်အချင်း၊ စရိုက်သွင်ပြင်လက္ခဏာများကို ဆောင်းပါးများတွင် ပေါ်လွင်အောင် ရေးသားပုံဖော်ထားသည်။ အထူးသဖြင့် ၈၈ အရေးခင်းပြီးကာလ အကွဲအပြဲဖြစ်နေသည့် အတိုက်အခံနိုင်ငံရေးသမားများကြား ဒေါ်အောင်ဆန်းစုကြည်၏ အတုယူ အားကျဖွယ် လုပ်ဆောင်ချက်များ၊ စစ်အာဏာရှင်များ, ထောက်လှမ်းရေးများ၏ ဖိနှိပ်ချုပ်ချယ်မှု အမျိုးမျိုးကြားမှ လူထုထောက်ခံမှုကို ရယူခဲ့ပုံများ၊ မြန်မာ့ဒီမိုကရေစီအရေးအတွက် ဒေါ်အောင်ဆန်းစုကြည်သည် မိသားစုနှင့် သေကွဲ, ရှင်ကွဲ နေရခြင်းအပါအဝင် နစ်နာဆုံးရှုံးမှုများစွာ ပေးဆပ်ခဲ့ရပုံများ၊ ဒေါ်အောင်ဆန်းစုကြည်ကို စာရေးသူအပါအဝင် ကျောင်းသားများက ဝိုင်းရံထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြပုံများကို ဆောင်းပါးများတွင် အသေးစိတ်မှတ်တမ်းတင် ရေးသားထားသည်။ “ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်လူထုကို ဦးဆောင်မှုပေးနိုင်သူလား၊ မပေးနိုင်သူလားဆိုတာကို သူ့ရဲ့နှလုံးသားကို ဝင်ရောက်ကြည့်ရအောင်ပါ၊ အပြည့်အစုံမဟုတ်ရင်တောင်မှ တစ်စိတ်တစ်ဒေသလောက်ပဲ ဖြစ်ဖြစ်ပေါ့။” ဟု အမှာစာတွင် ဆိုထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|