|
Myanmar Books
Publishers
|
|
'ရတနာပုံ'
,
'Usage'
,
'အနာတဟန်'
,
'candle'
,
'ဒေါက်တာမောင်မောင်'
,
'ဦးမော်လူး'
,
'မှော်လက်စွပ်'
,
'ဆန်းလွင် (ရှင်အာဒိစ္စရံသီ)'
,
'အိမ်ခြံမြေ'
,
'ဆေးဝါး'
,
'မေမြို့ချစ်ဆွေ'
,
'မာရီ'
,
'Surrealism'
,
'Programming'
,
'အောင်စည်သာ'
,
'The power of the lady'
,
'တရုတ် - မြန်မာအဘိဓာန်'
,
'ပရမတၳ'
,
'ရဲထွဋ်'
,
'လုပ်ငန်းခွင်အန္တရာယ်'
|
More ...
|
Latest 10 Editor's Choices
Book Details
|
- သူရိယနေဝန်းနှင့် အာရှအလင်းဂျာနယ်များပါ သန့်ဇော် (သန်လျင်)၏ ထောင်ထဲ၌ (၂၃) နှစ်ကြာ အသက်ရှင်ခဲ့ရသော နေ့ရက်များအပါအဝင် နိုင်ငံတော်မှားယွင်းမှု ဗိုလ်ခင်ညွန့်နှင့် အမျိုးသားထောက်လှမ်းရေး
-
-
Author(s):
သန့်ဇော် (သန်လျင်)
- Type: Myanmar Books
-
Category:
အတ္ထုပ္ပတ္တိ / ကိုယ်တွေ့မှတ်တမ်း
- No of Pages: 273
- Binding: Paperback
- Publication Month Year: Feb-2015
- Size: 14 cm x 20 cm
|
- Description: ၈၈ အရေးအခင်းပြီးစအချိန်က သန်လျင်ရေနံချက်စက်ရုံဝင်းအတွင်း ဗုံးပေါက်ကွဲမှုစွဲချက်ဖြင့် စစ်ထောက်လှမ်းရေးများ၏ လူမဆန်စွာ ဖမ်းဆီးနှိပ်စက်ညှင်းပန်းခြင်းကို ခံရကာ ထောင်ထဲ၌ (၂၃) နှစ်ကြာ အကျဉ်းချထားခြင်းခံရသူ စာရေးသူက သူ၏အတွေ့အကြုံများကို ဤစာအုပ်တွင် အပိုင်း (၇) ပိုင်းခွဲ၍ အသေးစိတ် မှတ်တမ်းတင်ရေးသားထားသည်။ ဗုံးကို KNUများက ၎င်းတို့ဖောက်ခွဲခြင်းဖြစ်သည်ဟု ဝန်ခံသော်လည်း NLDက လူငယ်များဖောက်ခွဲသည်ဟု နိုင်ငံတကာသို့ လှည့်ဖျားကာ NLDကို ဖြိုခွင်းလိုသဖြင့် အတင်းအကြပ်စစ်ဆေးကာ သေဒဏ်ချမှတ်ခဲ့သည်။ ယခုစာအုပ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နှိပ်ကွပ်ရေး၊ ဖြိုဖျက်ရေးနှင့် ပတ်သက်၍ အမျိုးသားထောက်လှမ်းရေး၏ အစီအစဉ်၊ ပါဝင်ပတ်သက်မှုမရှိသော စာရေးသူအပါအဝင် NLD ပါတီဝင် လူငယ်များကို ထောင်လှမ်းရေးများက အတင်းအကျပ် ဝန်ခံခိုင်းပုံ၊ အမျိုးသားထောက်လှမ်းရေးအဖွဲ့၏ လူမဆန်သော ညှင်းပမ်းနှိပ်စက်မှုများ၊ ဗုံးခွဲသူက အစစ်အမှန်ဝန်ခံပါသော်လည်း ကျူးလွန်ခြင်း လုံးဝမရှိသူကို သေဒဏ်အပြင် တစ်သက်တစ်ကျွန်းပြစ်ဒဏ်ပါ ချမှတ်ခဲ့ပုံ၊ ထောင်တွင်း၌ ၂၃ နှစ်ကြာ အသက်ရှင်ခဲ့ရသော နေ့ရက်များ၊ နိုင်ငံတကာက ချီးမြှင့်သည့် အညတရသူရဲကောင်းဆုကို ရရှိခဲ့ပုံ၊ စစ်အစိုးရ၏ နှလုံးအိမ် အကျဉ်းထောင်ထဲ၌ စာရေးသူကိုယ်တိုင် လျှို့ဝှက်ရေးသား၍ ကမ္ဘာ့ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများသို့ ပို့လိုက်သည့် အမှုဖြစ်စဉ်အပါအဝင် ခါးသီးလှသော နေ့ရက်များအကြောင်းကို အသေးစိတ် ရေးသားမှတ်တမ်းတင်ထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|