|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
- နိဗ္ဗာန်သို့ သွားရာလမ်း
-
-
Author(s):
ဗိုလ်မှူးကြီးမိုးမြင့် (ငြိမ်း)
- Type: Myanmar Books
-
Category:
ဘာသာရေး
- No of Pages: 334
- Binding: Paperback
- Publication Month Year: Dec-2023
- Size: 19 cm x 25 cm
|
- Description: မြတ်စွာဘုရားသခင်၏ သံသရာမှလွတ်ကြောင်း ကျင့်ကြံအားထုတ်မှုများနှင့် ပတ်သက်၍ သုံးသပ်ရေးသားထားသော စာအုပ်ဖြစ်သည်။ ဗုဒ္ဓမြတ်စွာ၏ ဟောကြားချက် ပရိတ်တော်နှင့် တရားတော်များ၊ မြတ်ဗုဒ္ဓ၏ ကျင့်စဉ်များဖြင့် ကျင့်ကြံပေါက်မြောက်သွားခဲ့သော ရဟန္တာကြီးများ၏ နည်းနာနိဿယများ၊ လယ်တီဆရာတော်၊ ပါမောက္ခချုပ်ဆရာတော်၊ ဗန်းမော်ဆရာတော်၊ ဖားအောက်ဆရာတော်၊ မိုးကုတ်ဆရာတော်တို့၏ အဆိုအမိန့်များ၊ ကမ္မဋ္ဌာနာစရိယ ဆရာကြီးများ၏ အနှစ်သာရရှိသော လမ်းညွှန်ပြသမှုများ၊ ၎င်းတို့၏ ကျင့်စဉ်အကျဉ်းများ၊ အဘိဓမ္မာသဘောကို စိတ်၊ စေတသိက်၊ ရုပ်၊ ပရမတ္တတရားများ၊ နိဗ္ဗာန်ကိုရည်မှန်း၍ လွတ်မြောက်မှုချမ်းသာကိုရှာသည့်အခါ ကျင့်ကြံရမည့် အကျင့်၊ သွားရမည့် လမ်းကြောင်း၊ ထိုလမ်းကြောင်းကို မဂ္ဂင်ရှစ်ပါးဖြင့်သာ သွားနိုင်ရောက်နိုင်သည့်အကြောင်း၊ နိဗ္ဗာန်ကို ဦးတည်သွားရာတွင် ပေါ်ပေါက်လာမည့် အဖျက်အမှောင့် အနှောင့်အယှက်အတားအဆီးများနှင့် သတိဖြင့် ကွေကွင်းရှောင်ရှားရန်လိုပုံ၊ မဟာစည်၊ သဲအင်းဂူအပါအဝင် တရားစခန်းအသီးသီးတွင် ကိုယ်တိုင် စခန်းဝင် တရားအားထုတ်ခြင်း အတွေ့အကြုံများ၊ ကျင့်ကြံလေ့လာမှုများ၊ ပေါ်ပေါက်လာသော အာရုံနှင့် ကြုံ တွေ့ရသည့် အဖြစ်အပျက်များကို အကျယ်တဝင့် ရှင်းလင်းထားသည်။ ဝိပဿနာကျင့်စဉ်များအတွက် အထောက်အပံ့ဖြစ်စေသော မြတ်စွာဘုရား၏ နှုတ်ကပ္ပတ်တော်များဖြစ်သော ဓမ္မစကြာတရားတော် ဘာသာပြန်၊ အနတ္တလက္ခဏသုတ်နိဒါန်း၊ မဟာသတိပဋ္ဌာနသုတ် မြန်မာပြန်နှင့် အဘိဏှသုတ် မြန်မာပြန်တို့အားလည်း ထည့်သွင်းဖော်ပြပေးထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|