|
Myanmar Books
Publishers
|
|
'ရတနာပုံ'
,
'Usage'
,
'အနာတဟန်'
,
'candle'
,
'ဒေါက်တာမောင်မောင်'
,
'ဦးမော်လူး'
,
'မှော်လက်စွပ်'
,
'ဆန်းလွင် (ရှင်အာဒိစ္စရံသီ)'
,
'အိမ်ခြံမြေ'
,
'ဆေးဝါး'
,
'မေမြို့ချစ်ဆွေ'
,
'မာရီ'
,
'Surrealism'
,
'Programming'
,
'အောင်စည်သာ'
,
'The power of the lady'
,
'တရုတ် - မြန်မာအဘိဓာန်'
,
'ပရမတၳ'
,
'ရဲထွဋ်'
,
'လုပ်ငန်းခွင်အန္တရာယ်'
|
More ...
|
Top 10 Most Visited of This Week
Book Details
|
- ခေတ်သစ်မြန်မာပြည် အနောက်မြောက်ပိုင်း: ဟူးကောင်းချိုင့်ဝှမ်း ကျားထိန်းစွန့်စားခန်း
-
-
Author(s):
ကိုနေ (မန်း)
- Type: Myanmar Books
-
Category:
ခရီးသွား / ပထဝီဝင်
- No of Pages: 328
- Binding: Paperback
- Publication Month Year: Dec-2024
- Size: 14 cm x 21 cm
|
- Description: အမေရိကန်သတ္တဗေဒပညာရှင်၊ Panthera Corporation ဥက္ကဌ၊ CEOနှင့် သိပ္ပံပညာရှင်ချုပ်အဖြစ် အမှုထမ်းခဲ့သူ Alan Rabinowitz ရေးသားသည့် Life in the Valley of Death: The Fight to Save Tigers in a Land of Guns, Gold, and Greed စာအုပ်ကို ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။ မူရင်းစာရေးသူသည် အမေရိက ဂျာဂွာကျားသစ်၊ လည်ပြောက်ကျားသစ်၊ အာရှနွယ်ဖွားကျားသစ်၊ သစ်ကျုတ်၊ ရက်ကွန်းဝံ၊ ကြောင်မုတ်၊ သမင်အမျိုးမျိုးတို့ကို အထူးပြုစူးစမ်းရှာဖွေလေ့လာခဲ့ပြီး ကမ္ဘာ့ကြောင်မျိုးရင်းဝင် သားရိုင်းကြီးများ ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ အကျိုးအမြတ်မယူသည့် ကုသိုလ်ဖြစ်လုပ်ငန်းများ လုပ်ဆောင်ခဲ့၍ ‘သဘာဝသားရိုင်းကာကွယ်ရေးဆိုင်ရာ အင်ဒီယာနာဂျုန်း’ ဟု တိုင်းမ်မဂ္ဂဇင်းကြီး၏ တင်စားခြင်းကို ခံခဲ့ရသည်။ အမှန်စင်စစ် သူ့တွင် ကျောင်းသားချာတိတ်အရွယ်ကတည်းက စကားထစ်အရောဂါရှိခဲ့ပြီး အပေါင်းအဖော်တွေ ဆရာတွေနဲ့ကောင်းကောင်း စကားမပြောနိုင်သောကြာင့် သူနှင့် ပိုအဆက်အသွယ်ကောင်းသော သဘာဝသားရိုင်းများနှင့် ဆက်သွယ်ဆက်ဆံမှုပြုခဲ့ခြင်း ဖြစ်သည်။ သဘာ၀သားရိုင်းတွေနဲ့ပိုဆက်သွယ်ခဲ့ပြီး ထိန်းသိမ်းစောင့်ရှောက်မှု ဝါသနာကြီးလာခဲ့သူ သူသည် ၁၉၇၄ တွင် သူသည် မေရီလန်းပြည်နယ်၊ ဝက်မင်စတာရှိ အနောက်မေရီလန်းကောလိပ် (ယခု မက်ဒယ်နီယယ်ကောလိပ်) မှ ဇီဝဗေဒနှင့် ဓာတုဗေဒအထူးပြုသိပ္ပံဘွဲ့၊ တန်နက်ဆီတက္ကသိုလ်မှ မဟာသိပ္ပံ (၁၉၇၈) နှင့် ဒေါက်တာဘွဲ့ (၁၉၈၁) တို့ကို ရရှိခဲ့သည်။ ၁၉၉၇ ခုနှစ် ၁၉၉၉ ခုနှစ်အတွင်း သူသည် မြန်မာပြည်မြောက်ဖျား ခေတ်သစ်မြန်မာပြည်မြောက်ပိုင်းနှင့် ဟူးကောင်းချိုင့်ဝှမ်းများသို့ ရောက်ရှိခဲ့ပြီး ၎င်းခရီးစဉ်အတွင်း သိပ္ပံပညာအတွက် ပထမဆုံးနို့တိုက်သတ္တဝါသစ်လေးမျိုးကို ရှာဖွေတွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့သည်။ သူ၏ စူးစမ်းဖော်ထုတ်တင်ပြကြောင့် မြန်မာနိုင်ငံတွင် ဧရာမဘေးမဲ့တော ဧရိယာကြီး (၅) ခုပေါ်ပေါက်လာခဲ့သည်။ ဟူးကောင်းချိုင့်ဝှမ်းဒေသနှင့် ခါကာဘိုရာဇီ အမျိုးသားဥယျာဉ် ဆက်စပ်ကာ စတုရန်းမိုင် (၅၀၀၀) ရှိ အမျိုးသားသစ်တောပေါင်းစပ်ဧရိယာကြီးအဖြစ် ဖော်ဆောင်နိုင်ခဲ့သည်။ ယခုစာအုပ်တွင် သူ၏ မြန်မာပြည်ခရီးစဉ်နှင့် ခရီးစဉ်အတွင်း လုပ်ဆောင်ချက်၊ တွေ့ရှိချက်နှင့် ရရှိခဲ့သည့် အတွေ့အကြုံများကို ဓာတ်ပုံများနှင့်တကွ မှတ်တမ်းတင် ရေးသားသည်။ ကမ္ဘာပေါ်တွင် အကြီးဆုံး ကျားထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်ခြင်းခံရသည့် ဟူးကောင်းကျားထိန်းသိမ်းရေးနယ်မြေအကြောင်းကို စာအုပ်မှတဆင့် စိတ်ဝင်စားဖွယ် လေ့လာသိရှိနိုင်ကြရမည် ဖြစ်သည်။ သူသည် သွေးကင်ဆာရောဂါ ခံစားနေရသည့်ကြားမှ သူဝါသနာပါသည့်အလုပ်ကို စွဲမြဲစွာလုပ်ကိုင်ခဲ့သူ ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|