|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: မင်္ဂလာအခမ်းအနားများဖြစ်ကြသည့် ထိမ်းမြားမင်္ဂလာ၊ ကင်ပွန်းတပ်မင်္ဂလာ၊ ရှင်ပြုနားသမင်္ဂလာများတွင် အခမ်းအနားမှုးများ ပြောဆိုကြရန် အကြောင်းအရာများ၊ ဟောပြောရန် အချက်အလက်များ၊ စာတမ်းများကို စုစည်းထားခြင်းဖြစ်သည်။ ထိမ်းမြားမင်္ဂလာချီးမြင့်နည်းအခန်းတွင် ထိမ်းမြားမင်္ဂလာအကြောင်း၊ သစ္စာတိုင်ပတ်ပျိုး၊ မင်္ဂလာအခမ်းအနားဖွင့်၊ သတို့သား သတို့သမီး ပွဲထုတ်ရန်၊ သြဝါဒပေး၊ ပွဲသိမ်းဆုပေး၊ ထိမ်းမြားမင်္ဂလာ သြဘာစာတမ်းအပါအဝင် အကြောင်းအရာပေါင်း ၆ဝ ကျော်ပါရှိသည်။ အမည်ပေး ကင်ပွန်းတပ်မင်္ဂလာ ချီးမြင့်ခြင်းအခန်းတွင် လောကီမင်္ဂလာ ၁၂ ပါးအကြောင်း၊ ဘုရားပင့်ခန်း၊ ကန်တော့ခန်း၊ ရွတ်ဖတ်ရန် မန္တန်များ၊ ဆင်ဖြူရှင်ဧချင်း၊ ကလေးအမည်မှည့်နည်း၊ မထိမ်းမြားရာလ ၆ လနှင့် ထိမ်းမြားရာလ ၆ လအကြောင်းရှင်းထားသော အကြောင်းအရာပေါင်း ၄ဝ ကျော်ပါရှိသည်။ ရှင်ပြုနားထွင်း မင်္ဂလာချီးမြင့်နည်းအခန်းတွင် ရှင်ပြုခြင်းအကြောင်း၊ ရှင်ပြုအခမ်းအနားပြင်ဆင်ခြင်း၊ ဘုရားပင့်၊ ရှင်လောင်းရရှိသော အကျိုးတရားပြောဆိုခြင်း၊ ကန်တော့ခန်းနှင့် ဆုပေး၊ အစီအရင်၊ သြဘာစာ၊ ပွဲသိမ်းဆုပေးအပါအဝင် အကြောင်းအရာ ၄ဝ ကျော်ပါရှိသည်။ သက်ကြီးပိုင်းရောက်၍ အခမ်းအနားများတွင် ပြောဆိုပေးရန် ဖိတ်ကြားခံရသူများ၊ ဘာပြောရမည် ဘယ်အစီအစဉ်ဖြင့်လုပ်ရမည် မသိသူများ အထူးအသုံးဝင်စေမည့် စာအုပ်ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|